"အတ္တ နဲ့ အတူတကွ"
"working together,thinking together,fighting together,
finding together,sharing together,
solving together,hopping together,
. . . . . . . . . . . . . ."
စဉ်းစားမိတယ် together က
တွဲစရာ တွေ များ နေ ပေမဲ့
တကယ် တမ်းလက်တွေ့ မှာ
. . . . . . . . . . . . . . .
မေ တ္တာ သစ္စာ တွေ
နား လည် ပေးနိုင် စွမ်း တွေ
ကိုယ် ချင်းစာ တရား တွေ ရဲ့
ရှိရင်းစွဲ တွေက တဖြည်းဖြည်း နဲ့
နာမကျန်း ဖြစ်လေ တော့
together က မှုန်ဝါးဝါး နဲ့
ချိနဲ့ ခဲ့ လေသလား။
အရှိ ကို လောဘက သတ်တယ်
လောဘ ကို မောဟ က ဖျက်စီး
သံသယ က နာတာရှည် ရောဂါသည်
အဲဒီအချိန်မှာ မာန နဲ့ အတ္တ က
ချောက်တွန်းမှု နဲ့ ဟန်ဆောင် မှု
လိမ်လည်ခြင်းနဲ့ လှည့်ဖျားခြင်း
နာမည် ရလို မှု များပါ ဝင် သော
virus ပိုး တွေကို
လူ တွေ တော်တော် များများစီ
ကူးစက် ဖျားနာစေကာ
အတ္တ မာန တွေ တိုး စေခဲ့ ပြီ
အတူတကွ နေထိုင် သော ကမ္ဘာ မှာ
လျှင် သူ စားစတမ်း ဂိမ်းက
ရောင်းအား အ ကောင်းဆုံး
ဝါ ရင့် အ ရောင်းထိုင်းနဲ့
ဝယ်သူစိုးစဉ်းမရှိတဲ့ ဂိမ်းက
အတူတူ မျှ ဝေ ခံစားခြင်း။
ကိုတွတ် (5.9.2014)
No comments:
Post a Comment