Monday, September 15, 2014

"အနစ်နာခံတဲ့ ဒဿ"

ရာဇဝင် မှာ ဒဿက လူဆိုး
စာရေးဆရာရဲ့ ဖန် တီးမှုမှာ
ဒဿက အချစ်ကြီးသူလူကြမ်းကြီး
ကျွန်တော့် လက်ထဲ ဒဿရောက်တော့
ဒဿဟာ အနစ်နာခံသူ
သီတာ လေးကို လက်လွှတ် လိုက်တာ
ရာမ မင်းသားက အစစအရာရာ နဲ့
သီတာ လေးကို သူ့ထက်သာ အောင်
ပေးနိုင် စွမ်းရှိ လို့ ပါတဲ့
သီတာစိတ်လည်း ရာမဆီမှာ လေ
ဒီ အချိန် မှာ သူ နောက်ဆုတ် ပေးလိုက်တယ်
ဒဿဟာ လူကြမ်း ဗီလိန် မဟုတ်တော့ဘူး
အချစ်ကို ရယူခြင်းဖြင့် မသိမ်းပိုက်ပဲ
စွန့် လွှတ် ရင်း ရင် ကွဲ ခံခဲ့ တယ်
ဒဿ ဟာ မယ်သီတာကို စွဲလမ်းစိတ်နဲ့
သေဆုံး ခဲ့ပါပြီ
မြှားနတ်မောင် နတ်သားလေးက
ဒဿ ရဲ့ အသက်မဲ့ ခန္ဓာ ကိုယ် ကို
စိတ် မ ကောင်းစွာ နဲ့ မြေမြုပ် ပေးရင်း
စကားလုံး တစ်ချို့ ဆိုခဲ့ တယ်
အသင် ဟာ ရာမရဲ့ လေး မြှား ကို
မ ကြောက် ခံရဲသည်
မယ်သီတာ နာကျင် မှာ စိုးလို့သာ
လက် လျှော့ ပေးခဲ့တာ
ဒဿ မင်း ရဲ့ မာကျော နှလုံးသားဟာ
မယ်သီတာ အတွက် နူးညံ့ ခဲ့ တာပဲ
ပေးဆပ်ခဲ့ တာပဲ
မယ်သီတာ ပျော်ရွှင် ဖို့ အတွက်
မင်း စ တေးခဲ့ သကိုး
မယ်သီတာ တစ်ယောက် များ
သိမှသိပါ့ မလား ဒဿရယ်......

ကိုတွတ် ( 31.8.2014)

နားလည် မှုများ လွဲပါရင် ခွင့် လွှတ်ကြပါကုန်။
antiknowledge လေး ရေးချင် လို့ ပါ။

No comments:

Post a Comment