အလွမ်းအပိုဒ် (၉)
March 9, 2012 at 10:27am
ကောင်းကင်မှာ လေယာဉ်တစ်စင်း.......
(၁)
နှလုံသားက မာမလိုနဲ့ နု
မျက်ရည်တွေမခိုင်တော့ဘူး
တိတ်တခိုးနဲ့ တိတ်တဆိတ်
သတိတွေရလွန်းလို့.........
(၂)
မိုးနဲ့လေပြင်းက အငြိုးနဲ့ဆိုတော့
ပိုလွမ်းအားငယ်
မြင်လွှာမှာ ချစ်သူ ပုံရိပ်တွေ စွန်းထင်း
အပြန်လမ်းဟာ အသက်မပါ
သတိရခြင်းတွေ ကြွေလို့
လေနဲ့အတူ ချစ်သူရှိရာဆီ.........
(၃)
အရိပ်တွေ နေရာတကာပြည့်လို့
ရယ်သံ တီးတိုးသံတွေ ပြန်ကြား
သတိတရနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့
မျက်နှာမှာ မျက်ရည်စတွေ.........
(၄)
ချည်နှောင်ခြင်းခံထားရတဲ့ စိတ်တစ်ခု
ရေခြားမြေခြားက ချစ်သူဆီကို
မျှော်ရင်းနဲ့ .........ဆွေး
တွေးရင်းနဲ့ .........ငေး။
(၅)
ဘုရားမှာ ပန်းကပ် လှူဒါန်း
စိတ်တွေက တစ်ယောက်သောသူ
အေးချမ်း အဆင်ပြေပါစေ
ရင်ထဲကဆုတောင်း
ဒီရက်တွေကုန်ချင်လွန်းပါဘိ
ခံစားလို့ မဆန့်တော့ဘူး..........
(၆)
လွမ်းရက်တွေ တဖြည်းဖြည်း နည်း
ခံနိုင်ရည်မဲ့ ခဲ့ပေမဲ့
အားတင်းဆဲ
တွေ့ရတော့မယ့် ရက်တွေဆီ............
(၇)
ငါ့ကမ္ဘာမှာ ဘယ်သူမှ မလိုပေမဲ့
ချစ်သူ ..... မင်းရှိဖို့လိုတယ်
ရင်ထဲက မေတ္တာစစ်နဲ့
မင်းတစ်ယောက် ကိုပဲချစ်တယ်။
(၈)
ရင်ခုန်စွာ မျှော်လင့်စောင့်စား
အသက်မဲ့ ခဲ့တဲ့ နေ့ည တွေ
နေလာနှင်းပျောက်။
(၉)
ပန်းကလေးတွေရဲ့ ရနံ့ မွှေးပျံ့လိုက်တာ
ငှက်ကလေးတွေ တေးဆိုလို့ သာယာလိုက်တာ
နေ့ခင်း ဟာလည်း ကျက်သရေ တိုးလို့
ညခင်းဟာလည်း အေးချမ်းလို့
ငါ့ရဲ့ ပန်းဥယျာဉ်ကမ္ဘာလေးဟာ
လှပ သာ ယာတော့မှာ။
၉.၃.၂၀၁၂ ကိုတွတ်
No comments:
Post a Comment