Tuesday, September 16, 2014

အလွမ်းအပိုဒ် (၉)
March 9, 2012 at 10:27am
ကောင်းကင်မှာ လေယာဉ်တစ်စင်း.......
(၁)                                                                                                
နှလုံသားက မာမလိုနဲ့ နု                                  
မျက်ရည်တွေမခိုင်တော့ဘူး
တိတ်တခိုးနဲ့ တိတ်တဆိတ်
သတိတွေရလွန်းလို့.........
(၂)
မိုးနဲ့လေပြင်းက အငြိုးနဲ့ဆိုတော့
ပိုလွမ်းအားငယ်
မြင်လွှာမှာ ချစ်သူ ပုံရိပ်တွေ စွန်းထင်း
အပြန်လမ်းဟာ အသက်မပါ
သတိရခြင်းတွေ ကြွေလို့
လေနဲ့အတူ ချစ်သူရှိရာဆီ.........
(၃)
အရိပ်တွေ နေရာတကာပြည့်လို့
ရယ်သံ တီးတိုးသံတွေ ပြန်ကြား
သတိတရနဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့
မျက်နှာမှာ မျက်ရည်စတွေ.........
(၄)
ချည်နှောင်ခြင်းခံထားရတဲ့ စိတ်တစ်ခု
ရေခြားမြေခြားက ချစ်သူဆီကို
မျှော်ရင်းနဲ့ .........ဆွေး
တွေးရင်းနဲ့ .........ငေး။
(၅)
ဘုရားမှာ ပန်းကပ် လှူဒါန်း
စိတ်တွေက တစ်ယောက်သောသူ
အေးချမ်း အဆင်ပြေပါစေ
ရင်ထဲကဆုတောင်း
ဒီရက်တွေကုန်ချင်လွန်းပါဘိ
ခံစားလို့ မဆန့်တော့ဘူး..........
(၆)
လွမ်းရက်တွေ တဖြည်းဖြည်း နည်း
ခံနိုင်ရည်မဲ့ ခဲ့ပေမဲ့
အားတင်းဆဲ
တွေ့ရတော့မယ့် ရက်တွေဆီ............
(၇)
ငါ့ကမ္ဘာမှာ ဘယ်သူမှ မလိုပေမဲ့
ချစ်သူ ..... မင်းရှိဖို့လိုတယ်
ရင်ထဲက မေတ္တာစစ်နဲ့
မင်းတစ်ယောက် ကိုပဲချစ်တယ်။
(၈)
ရင်ခုန်စွာ မျှော်လင့်စောင့်စား
အသက်မဲ့ ခဲ့တဲ့ နေ့ည တွေ
နေလာနှင်းပျောက်။
(၉)
ပန်းကလေးတွေရဲ့ ရနံ့ မွှေးပျံ့လိုက်တာ
ငှက်ကလေးတွေ တေးဆိုလို့ သာယာလိုက်တာ
နေ့ခင်း ဟာလည်း ကျက်သရေ တိုးလို့
ညခင်းဟာလည်း အေးချမ်းလို့
ငါ့ရဲ့ ပန်းဥယျာဉ်ကမ္ဘာလေးဟာ
လှပ သာ ယာတော့မှာ။

၉.၃.၂၀၁၂                                        ကိုတွတ်
ဒဏ်ရာ
ယုံကြည်မှု တစ်ခု
သစ္စာပျက်ယွင်းခဲ့
ဘာကိုယိုးမယ်ရမလဲ။
ငါကို က နုံတာကို၊
ကိုယ်ဖြစ်တော့ကိုယ်ခံ
ဒီဒဏ်.................

၁၄.၃.၂၀၁၂                      ကိုတွတ်
မညီမျှခြင်းများ...........
တချို့က ကောင်းပြီးရင်းကောင်း
တချို့က ဆိုးပြီးရင်းဆိုး
ဝမ်းရေးမှနိုင်နိုင်..........
ငါတို့လည်း လုပ်တယ်
သူတို့လည်းလုပ်တယ်
လုပ်တာချင်းတူတူ............
လမ်းပေါ်က ကလေးများ
လူ့အခွင့်ရေး တွေက
ညီမျှခြင်းများနဲ့ဝေးကွာ
ခေတ်နှင့်လျော်ညီ ပညာရေး များ
ငွေရှိမှ သင်ရမလား.........
ငွေကိုငွေခြင်း ထပ် ငွေရှာကြလား
ကောင်းခြင်းဆိုးခြင်းများ......
မညီမျှသော ဘ၀ပုံရိပ်
မညီမျှသော တွေးခေါ်
မညီမျှသော အတတ်ပညာ
မညီမျှသော စီးပွားဥစ္စာ
မညီမျှသော ......
မညီမျှသော .......
မညီမျှသော .......
မညီမျှခြင်းများဖြင့် ....
မော်မော်ကြွားကြွား ......
မနိမ့်မမြင့်
တော်တော် ချာသော ဘ၀တွေ တွင်
မညီမျှခြင်းများရှိနေ၏.....
လေလွင့်ကာ ပျံသန်းသွား
တကယ်တော့ ပျံရတာဟုတ်ဖူး
လေနဲ့အတူ......
လွတ်လပ်ခြင်းတွေကို ဖွေရှာရင်း
လမ်းပျောက် လမ်းမှောက်တော့မလား
အို မုန်တိုင်းရယ် ဘယ်အချိန်မှာများ
ငြိမ်သက်မှာလဲ.......
ငြိမ်းချမ်းခြင်းတွေကို ငါ အလိုရှိနေရဲ့
အပြိုင်ဆိုင်တွေ မလိုတမာမှုတွေ
အားလုံးရဲ့ ဝေးရာအရပ်
ဘ၀မုန်တိုင်း ထန်တဲ့အခါ
ငြိမ်းချမ်းခြင်းတွေကို ဖွေရှာနေရဲ့
ငှက်ငယ်တစ်ကောင်
လေစီးကြောင်းတွေကြားမှာ
ပျံ ပျံ....ဘ၀ရဲ့ ငြိမ်းအေးမှုတွေရှိရာ
အားတင်း တောင်ပံဖြန့်
ငှက်ခတ်သမားတွေနဲ့ ဝေးရာ
တောတောင် ရေမြေတွေဆီ
..............................................
လွမ်း၏..........................................................
တောင်တန်းများအား သက်သေတည်.....................
မြစ်ချောင်းတို့အားကျော်လျှက် ..............
(2012)

Monday, September 15, 2014

"အနစ်နာခံတဲ့ ဒဿ"

ရာဇဝင် မှာ ဒဿက လူဆိုး
စာရေးဆရာရဲ့ ဖန် တီးမှုမှာ
ဒဿက အချစ်ကြီးသူလူကြမ်းကြီး
ကျွန်တော့် လက်ထဲ ဒဿရောက်တော့
ဒဿဟာ အနစ်နာခံသူ
သီတာ လေးကို လက်လွှတ် လိုက်တာ
ရာမ မင်းသားက အစစအရာရာ နဲ့
သီတာ လေးကို သူ့ထက်သာ အောင်
ပေးနိုင် စွမ်းရှိ လို့ ပါတဲ့
သီတာစိတ်လည်း ရာမဆီမှာ လေ
ဒီ အချိန် မှာ သူ နောက်ဆုတ် ပေးလိုက်တယ်
ဒဿဟာ လူကြမ်း ဗီလိန် မဟုတ်တော့ဘူး
အချစ်ကို ရယူခြင်းဖြင့် မသိမ်းပိုက်ပဲ
စွန့် လွှတ် ရင်း ရင် ကွဲ ခံခဲ့ တယ်
ဒဿ ဟာ မယ်သီတာကို စွဲလမ်းစိတ်နဲ့
သေဆုံး ခဲ့ပါပြီ
မြှားနတ်မောင် နတ်သားလေးက
ဒဿ ရဲ့ အသက်မဲ့ ခန္ဓာ ကိုယ် ကို
စိတ် မ ကောင်းစွာ နဲ့ မြေမြုပ် ပေးရင်း
စကားလုံး တစ်ချို့ ဆိုခဲ့ တယ်
အသင် ဟာ ရာမရဲ့ လေး မြှား ကို
မ ကြောက် ခံရဲသည်
မယ်သီတာ နာကျင် မှာ စိုးလို့သာ
လက် လျှော့ ပေးခဲ့တာ
ဒဿ မင်း ရဲ့ မာကျော နှလုံးသားဟာ
မယ်သီတာ အတွက် နူးညံ့ ခဲ့ တာပဲ
ပေးဆပ်ခဲ့ တာပဲ
မယ်သီတာ ပျော်ရွှင် ဖို့ အတွက်
မင်း စ တေးခဲ့ သကိုး
မယ်သီတာ တစ်ယောက် များ
သိမှသိပါ့ မလား ဒဿရယ်......

ကိုတွတ် ( 31.8.2014)

နားလည် မှုများ လွဲပါရင် ခွင့် လွှတ်ကြပါကုန်။
antiknowledge လေး ရေးချင် လို့ ပါ။
"အလုပ်သင် ပေါက်စ"

အင် တာဗျူး နေသည်. . . .
နာမည်?
မောင် စင်ကြယ်ပါ
ဘယ်သူ နဲ့ သိလဲ?
အဘ နဲ့ သိပါတယ်
ဟေ ပြောပါဦး ဘယ်သူတုန်း?
ရွာဦး ကျောင်းက ဘဘုန်းကြီးပါ
အော် အော်
မင်း အ ဖေက ဘယ်သူ?
ဦး သီလပါ
အ မေ က ကော?
ဒေါ ရိုးသားပါ

အလုပ်မှာ ပေါင်းသင်းဆက်ဆံရေး?
ဟုတ် ဦးလိမ္မာ သင် ပေးပါ တယ်
စည်းမျဉ်း တွေနဲ့ ပတ်သတ်လို့ ကော?
ဦး ကိုယ်ကျင့် လမ်းညွှန် ထားပါ တယ်

မောင် စင်ကြယ်
မင်းဟာ သီလရှိတယ်
လိမ္မာ ရေးခြား ကောင်းတယ်
ရိုးသားတယ်
ကိုယ်ကျင့်တရား လည်း မဆိုးပါဘူး
အဲ ပါးနပ်မှု မရှိဘူးကွ
အ တွေ့ ကြုံ လို သေးတယ်
ဒါ ကြောင့် ဦးပါးနပ် ရဲ့
RECOMEND လေးပြန် သွားယူပါလားကွာ

ငါ လမ်းညွှန် လိုက်ဦးမယ်ကွာ
ဦးကောက် ကျစ် ဆီရယ်
ဦးဦး ကလဖန်ဆီရယ်
ဦးမုသား ရယ်
ကို ဖိုးရူပ် ရယ်
ကိုချိန်ဖြုန်း ရယ်
မောင် ခြေထိုး ရယ်
မောင် သောက်စားရယ်

ဒေါ ဟန် ဆောင် ရယ်
ဒေါ လွှဲချ ရယ်
ဒေါ တာဝန် မယူရယ်
ဒေါ တင်းတုတ် ရယ်
မ ကိုယ်ကျိုးရှာရယ်
မ ငုတ်တုတ် ရယ် ဆီ
မေး သင် ပေါ့ကွာ
မင်းကို အလုပ် က သင် သွား လိမ့် မယ်

နက်ဖြန် အလုပ်စဆင်းတော့ စင်ကြယ်။
မောင် စင်ကြယ် တစ်ယောက်တော့
အတတ်ပညာ တွေ စုံဦး ပေ တော့ မည်။

ကိုတွတ်(2.9.2014)